၂၀၁၄ဧပြီလ၂၈ရက်နေ့က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊အမှတ်(၁)ရပ်ကွက်၊
တောင်ကြီး-အေးသာယာ အတက် ကားလမ်းမိုင်တိုင်အမှတ် (၆/၁၁၀)
နှင့်(၇/၁၁၀)ကြားတွင် ကားတစ်စီးမီးလောင်ကြောင်း သတင်းအရ
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ နယ်မြေစခန်းမှူး နှင့် အဖွဲ့မှ
သွားရောက်ကြည့်ရှု စစ်ဆေးရာ(၁၀၄၀) နာရီအချိန် အေးသာယာမှ တောင်ကြီးသို့
အတက်လမ်း ပစောက်ကွေ့အနီးတွင် အမှတ်(၁)ရပ်ကွက်၊ နောင်တရားမြို့နယ်ခွဲနေ
ကြည်သိန်း (၂၆)နှစ် မောင်းနှင်သော ၁င/၆၇၆၄၊ ပရိုဘောက် အဖြူရောင် သည်
အင်ဂျင်ခန်း မှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းသဖြင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
မြို့နယ်မီးသတ်ယာဉ်(၃)စီးမှ လာရောက်ငြိမ်းသတ်ရာ ၁၁၅၀
နာရီအချိန်မီးငြိမ်းခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ပင်လောင်းမြို့နယ်၊
နောင်တရားမြို့နယ်ခွဲလူဝင်မှုကြီးကြပ်ရေး
မှ
ရှမ်းပြည်နယ်အမျိုးသားမှတ်ပုံတင်ရေးနှင့် လူဝင်မှု
ကြီးကြပ်ရေးဦးစီးဌာနသို့ ပို့ဆောင်သည့် စာရွက်စာတမ်းများ
မီးလောင်ခဲ့ကြောင်း၊ လူ/တိရိစ္ဆာန် ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း၊
ခန့်မှန်းတန်ဖိုး ကျပ်သိန်း (၂၄)ခန့်ဆုံးရှုံးကြောင်း စစ်ဆေးတွေ့ရှိရပြီး
ယာဉ်မောင်း ဦးကြည်သိန်း အား အေးသာယာ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် (ပ)၆၄/၂၀၁၄၊
ပြစ်မှုပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း
သတင်းရရှိပါသည်။
TGI