Monday, April 28, 2014

ပစောက်ကွေ့တွင် ပရိုဘောက်စ်ကားမီးလောင်မှုဖြစ်ပွား

၂၀၁၄ဧပြီလ၂၈ရက်နေ့က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊အမှတ်(၁)ရပ်ကွက်၊ တောင်ကြီး-အေးသာယာ အတက် ကားလမ်းမိုင်တိုင်အမှတ် (၆/၁၁၀) နှင့်(၇/၁၁၀)ကြားတွင် ကားတစ်စီးမီးလောင်ကြောင်း သတင်းအရ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ နယ်မြေစခန်းမှူး နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှု စစ်ဆေးရာ(၁၀၄၀) နာရီအချိန် အေးသာယာမှ တောင်ကြီးသို့ အတက်လမ်း ပစောက်ကွေ့အနီးတွင် အမှတ်(၁)ရပ်ကွက်၊ နောင်တရားမြို့နယ်ခွဲနေ ကြည်သိန်း (၂၆)နှစ်  မောင်းနှင်သော ၁င/၆၇၆၄၊ ပရိုဘောက် အဖြူရောင် သည် အင်ဂျင်ခန်း မှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းသဖြင့်
 မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ယာဉ်(၃)စီးမှ လာရောက်ငြိမ်းသတ်ရာ ၁၁၅၀ နာရီအချိန်မီးငြိမ်းခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲလူဝင်မှုကြီးကြပ်ရေး
မှ ရှမ်းပြည်နယ်အမျိုးသားမှတ်ပုံတင်ရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနသို့ ပို့ဆောင်သည့် စာရွက်စာတမ်းများ မီးလောင်ခဲ့ကြောင်း၊ လူ/တိရိစ္ဆာန် ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း (၂၄)ခန့်ဆုံးရှုံးကြောင်း စစ်ဆေးတွေ့ရှိရပြီး ယာဉ်မောင်း ဦးကြည်သိန်း အား အေးသာယာ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် (ပ)၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း
သတင်းရရှိပါသည်။
TGI

Monday, February 24, 2014

ရွှေညောင်မြို့တွင် ယာဉ်ထိန်းရဲအား တာဝန်ထမ်းဆောင်စဉ် ၀င်ရောက်ထိုးကြိတ်

၂၀၁၄ဖေဖော်ဝါရီလ ၂၂
 တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ပြည်ထောင်စုလမ်းနှင့်ရန်မျိုး အောင်လမ်းဆုံတွင် အမှတ်(၁၅)ယာဉ်ထိန်း၊ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ လ၂၂၄၃၅၁ တပ်သား ထွန်းလင်းကျော်သည် တပ်ကြပ်ရန်အောင်မောင်မောင်တို့နှင့်အတူ တာဝန်ထမ်းဆောင်စဉ် ဟဲဟိုးမှတောင်ကြီးသို့ယာဉ်မောင်းထွန်းထွန်းနိုင်(၂၄)နှစ် စက်မောင်း၊ ရတနာ ရပ်ကွက်၊ ရွှေညောင်မြို့သည် ဆိုင်ကယ်အမှတ် (၃၆/ယ ၉၂၁၅၈) Janshe အနက်ရောင် ဆိုင်ကယ်အား နောက်တွင် ညီဖြစ်သူ ထွန်းထွန်းကြိုင်(၂၁) နှစ်၊အား တင်ဆောင်မောင်းနှင်လာစဉ် ထွန်းထွန်းကြိုင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသဖြင့် ယာဉ်ထိန်းများမှ တားဆီးစဉ် ၎င်းတို့မှ ဓါတ်ပုံရိုက်သဖြင့် တပ်သား ထွန်းလင်းကျော်မှ ခွင့်မတောင်းပဲ ဘာကြောင့်ဓါတ်ပုံရိုက်သလဲဟုမေးမြန်းရာ ၎င်းတို့(၂)ဦး မှထွန်းလင်းကျော်အား ချုပ်နှောင်ဝိုင်းဝန်းထိုးကြိတ်သဖြင့် ထွန်းလင်းကျော် ဝဲဘက် မျက်လုံးအောက်ပွန်းပဲ့၊ ဝဲနားထင်အောက်နာကျင်ဒဏ်ရာတို့ ရရှိ၍ ရွှေညောင်တိုက်နယ် ဆေးရုံးသို့ပို့ဆောင်ဆေးကုသ လျှက်ရှိကြောင်းနှင့် တာဝန်ထမ်းဆောင်စဉ် ကိုယ်ထိလက် ရောက်ချုပ်နှောင်ထိုးကြိတ်သော ထွန်းထွန်းနိုင်နှင့်ထွန်းထွန်းကြိုင်တို့အား ရွှေညောင် နယ်မြေရဲတပ်ဖွဲ့စခန်းတွင် (ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၂ တို့အရ အမှုဖွင့်ပြီး ဒုရဲအုပ် စောမြင့်ဇော်မှ တရားခံ(၂)ဦးအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။